ကျွန်ုပ်တို့ Myanmar SkillHub Academy သည် မြန်မာနိုင်ငံရှိ လူငယ်များနှင့် လုပ်ငန်းခွင်ဝင်လိုသူများအတွက် ခေတ်မီလုပ်ငန်းခွင်သုံး အရည်အချင်းများကို ၁၀၀% Tuition-Free (သင်တန်းကြေး လုံးဝအခမဲ့) ဖြင့် အရည်အသွေးမြင့်မားစွာ ပံ့ပိုးသင်ကြားပေးနေသော EdTech ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။
စာအုပ်ကြီးအတိုင်း သီအိုရီသက်သက် သင်ကြားခြင်းမျိုးမဟုတ်ဘဲ ခေတ်မီဆန်းသစ်သော Self-Study Reading Materials + Weekly Academic Live Chats ပုံစံဖြင့် ကျောင်းသားများ မိမိတို့စိတ်ကြိုက် အရှိန်အဟုန်ဖြင့် လေ့လာနိုင်ရန် စနစ်တကျ စီမံထားပါသည်။
Myanmar SkillHub Academy သည် မြန်မာ့လူသားအရင်းအမြစ်များ တိုးတက်လာစေရန်နှင့် ခေတ်ပြိုင်ဒစ်ဂျစ်တယ်စီးပွားရေးခေတ်တွင် ရေရှည်အောင်မြင်နိုင်မည့် ကမ္ဘာ့အဆင့်မီ စွမ်းရည် (Global Skills) များ ရရှိစေရန် ရည်ရွယ်တည်ထောင်ထားသော အဆင့်မြင့် အွန်လိုင်းအကယ်ဒမီ ဖြစ်ပါသည်။ ခေတ်နောက်ကျသော သီအိုရီများအစား ကမ္ဘာ့စက်မှုလုပ်ငန်းသုံး အကိုးအကားများ၊ လက်တွေ့ကျသော Framework များနှင့် အရည်အသွေးမြင့် အမှတ်ပေးစစ်ဆေးမှုစနစ် (Assessment System) များမှတစ်ဆင့် ကျောင်းသားတစ်ဦးချင်းစီ၏ အရည်အချင်းကို လုပ်ငန်းခွင်လက်တွေ့အဆင့်အထိ မြှင့်တင်ပေးရန် မျှော်မှန်းပါသည်။
လုပ်ငန်းခွင်နှင့် ခေတ်ရေစီးကြောင်းအရ အမှန်တကယ် လိုအပ်နေသော Digital နှင့် Business Skills များကို အရည်အသွေးမြင့်မားစွာဖြင့် ၁၀၀% အခမဲ့ စနစ်တကျ သင်ကြားပျိုးထောင်ပေးရန်။
တိုတောင်းသော အသိအမှတ်ပြုလက်မှတ် (Short Certificates) များမှသည် နိုင်ငံတကာအဆင့်မီ Vocational/Academic Diplomas / Degree များအထိ စနစ်တကျ တိုးချဲ့ပေးအပ်သွားရန်။
ပြည်တွင်းတွင် သင်ယူခဲ့သော ခရက်ဒစ်နာရီ (Credits) များကို အသုံးပြု၍ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံခြားတက္ကသိုလ်များသို့ စရိတ်သက်သာစွာဖြင့် တိုက်ရိုက်ကူးပြောင်းတက်ရောက်နိုင်မည့် အခွင့်အလမ်းများကို ခိုင်ခိုင်မာမာ ပေါင်းကူးချိတ်ဆက်ပေးရန်။
ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ သာမန်သင်တန်းကျောင်းတစ်ခုအဆင့်တွင် ရပ်တန့်နေရန် မဟုတ်ပါ။ လက်ရှိတွင် လုပ်ငန်းခွင်အဆင်သင့်ဖြစ်စေမည့် Professional Certificate Programs များကို ထိရောက်စွာ သင်ကြားပေးလျက်ရှိပြီး၊ ရေရှည်အနာဂတ်တွင် နိုင်ငံတကာ အရည်အသွေးစစ်ဆေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားတက္ကသိုလ်ကြီးများနှင့် တရားဝင်ချိတ်ဆက်ကာ ကမ္ဘာ့စံနှုန်းမီ Executive Diploma, Advanced Diploma နှင့် Bachelor's/Master's Degrees (ဘွဲ့ဒီဂရီများ) ကိုပါ တိုက်ရိုက်အပ်နှင်းနိုင်မည့် ပညာရေး စနစ်ကြီးတစ်ခုအဖြစ်သို့ မဟာဗျူဟာမြောက် ပြောင်းလဲအကောင်အထည်ဖော်နေပါသည်။