Academic Background
အနည်းဆုံး High School Completion (ဆယ်တန်း သို့မဟုတ် Grade 12 အောင်မြင်ပြီးသူ)၊ IGCSE၊ GED သို့မဟုတ် Level 3 Qualification တစ်ခုခု ရှိပြီး သက်ဆိုင်ရာ မိမိတက်ရောက်လိုသော ဘာသာရပ်အလိုက် Certificate ကို အောင်မြင်ထားသူဖြစ်ရပါမည်။ ( သို့မဟုတ် ) တက္ကသိုလ်တက်ရောက်နေသော သူများလည်း တက်ရောက်နိုင်ပါတယ်။
(သို့မဟုတ်)
Certificate မရှိပါက သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံး ၁ နှစ်မှ ၂ နှစ်အထိ ရှိကြောင်း လုပ်ငန်းခွင်ထောက်ခံစာ (Recommendation Letter) သို့မဟုတ် လုပ်ဆောင်ခဲ့သော Portfolio ကို အထောက်အထားခိုင်လုံစွာ တင်ပြရပါမည်။ ကျောင်း၏ Prior Learning Assessment (APL) ဆန်းစစ်မှု အောင်မြင်မှသာ တိုက်ရိုက်တက်ရောက်ခွင့် ရရှိမည် ဖြစ်သည်။
Language Proficiency
သင်ရိုးညွှန်းတမ်းများနှင့် အကိုးအကားများမှာ နိုင်ငံတကာ စံနှုန်းများဖြစ်သောကြောင့် အခြေခံအင်္ဂလိပ်စာ အရည်အချင်း (CEFR B1 Level သို့မဟုတ် IELTS 4.5 Equivalent) ရှိရပါမည်။
Peer-to-Peer Discussion
Module အလိုက် ပေးထားသော Case Study များအပေါ် မိမိ၏ အတွေးအမြင်ကို Forum တွင် ရေးသားဆွေးနွေးခြင်းနှင့် အခြားသူများအား ပြန်လည်ဝေဖန်သုံးသပ်ခြင်း။
Applied Learning Projects
သင်ခန်းစာအလိုက် လက်တွေ့လုပ်ငန်းခွင်သုံး Project များ ဖန်တီးတင်ပြခြင်း (Portfolio-driven Base)။
Proctored Final Exam
သင်တန်းအပြီးတွင် ဗဟုသုတနှင့် နည်းဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို စစ်ဆေးသည့် ပိတ်ရက်စစ်ဆေးခြင်း (စနစ်တကျ စစ်ဆေးသော စာမေးပွဲ)။