ဘာသာရပ်ဆိုင်ရာ Core Concepts များနှင့် လက်တွေ့လုပ်ငန်းခွင်သုံး နည်းလမ်းများကို စနစ်တကျ လမ်းညွှန်းပြသပေးထားသော အကိုးအကားသင်ခန်းစာ (Reference ဗီဒီယို) များကို မိမိအဆင်ပြေသည့် အချိန်ဇယားအလိုက် စိတ်ကြိုက် အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုလေ့လာခြင်း။
Module တစ်ခုချင်းစီ၏ Core Concept များကို မှတ်မိစေရန်နှင့် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နိုင်ရန် ချက်ချင်းအဖြေသိရမည့် ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်း။
သင်ခန်းစာပါ ပေးထားသော Business Case Study များအပေါ် ကျောင်းသားအချင်းချင်း Online Platform (Discussion Board) တွင် အိုင်ဒီယာများနှင့် ဗဟုသုတချင်း ဖလှယ်ဆွေးနွေးခြင်း။
သင်ယူထားသော သီအိုရီများကို အခြေခံ၍ အမှန်တကယ် လုပ်ငန်းခွင်ဝင်သည့်အခါ အသုံးချရမည့် Document နှင့် Strategy များကို ကိုယ်တိုင်ရေးဆွဲတင်ပြရသည့် လက်တွေ့ Assignment များ လုပ်ဆောင်ခြင်း။
သင်တန်းတစ်ခုလုံး၏ အနှစ်ချုပ်ကို မိမိ၏ ကိုယ်ပိုင်အရည်အချင်းပြ Portfolio အဖြစ် သက်သေပြသရမည့် ပရောဂျက်ကြီး တင်သွင်းခြင်းနှင့် စာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုခြင်း။