ကမ္ဘာ့ထိပ်တန်း စီးပွားရေးတက္ကသိုလ်ကြီးများ (Global Business Schools) တွင် အသုံးချသည့် Case Study Method များ၊ မဟာဗျူဟာမြောက် စီးပွားရေးခွဲခြမ်းစိတ်ဖြာမှုစနစ်များနှင့် ခေတ်ပြိုင် Blue Ocean Strategy ဆိုင်ရာ ကော်ပိုရိတ်စံနှုန်းများကို အကိုးအကားပြု (Reference) ရေးဆွဲထားခြင်း။
နိုင်ငံတကာ ဒစ်ဂျစ်တယ်ဈေးကွက်တွင် အသိအမှတ်ပြုထားသော ကမ္ဘာ့အဆင့်မီ Inbound Marketing စနစ်၊ Content Optimization နှင့် ခေတ်မီလုပ်ငန်းခွင်သုံး အရောင်းအလိုအလျောက်စနစ် (Marketing Automation Funnels) ဆိုင်ရာ မဟာဗျူဟာများကို အခြေခံထားခြင်း။
ကမ္ဘာသုံး လူမှုကွန်ရက် Platform ကြီးများဖြစ်သော Meta (Facebook) Ads Ecosystem နှင့် TikTok Ads တို့၏ တရားဝင် စက်မှုလုပ်ငန်းစံနှုန်းများ၊ စနစ်ကျသော ဒေတာခြေရာခံမှု (Data Tracking) နှင့် Advanced Media Buying ဗျူဟာများကို လက်တွေ့အသုံးချနိုင်ရန် ရေးဆွဲထားခြင်း။
ကျွန်ုပ်တို့ Myanmar SkillHub Academy ၏ သင်ရိုးညွှန်းတမ်းများကို ကမ္ဘာ့စံနှုန်းများအတိုင်း တိကျစွာ ရေးဆွဲထားခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် နိုင်ငံခြားကျောင်းများနှင့် တရားဝင် မိတ်ဖက်အဖွဲ့အစည်း (Academic Partnership) အဖြစ် ပူးပေါင်းသည့်အခါ ကျောင်းသားများအနေဖြင့် မိမိတို့ ဤနေရာတွင် တက်ရောက်ခဲ့သော Certificate ခရက်ဒစ်နာရီများကို နိုင်ငံခြားတက္ကသိုလ်များ၏ Diploma နှင့် Degree များသို့ သတ်မှတ်ချက်များနှင့်အညီ တိုက်ရိုက် Credit Transfer (ခရက်ဒစ်ပြောင်းရွှေ့ခြင်း) ပြုလုပ်ကာ ပညာဆက်လက်သင်ယူနိုင်မည့် ပိုမိုကောင်းမွန်သော ပညာရေးအခွင့်အလမ်းသစ်များကို ဖန်တီးပေးသွားမည် ဖြစ်ပါသည်။