ကျောင်းသားများသည် သင်တန်းကို မိမိအဆင်ပြေသည့် အရှိန်ဖြင့် (Flexible Self-Paced) စိတ်ကြိုက် လေ့လာနိုင်သည်။ သို့သော်လည်း သင်တန်းသက်တမ်း (Course Access Duration) မကုန်ဆုံးမီ သတ်မှတ်ထားသော Quizzes၊ Exams နှင့် Projects အားလုံးကို အပြီးသတ် တင်ပြရမည်။
Discussion Board တွင် ဆွေးနွေးခြင်း၊ Assignments များနှင့် Final Project များတွင် အခြားသူ၏ စာသားများကို ခွင့်ပြုချက်မရှိဘဲ ရာနှုန်းပြည့် ကူးချခြင်း (Plagiarism) သို့မဟုတ် AI ဖြင့်သာ ပုံစံတူ ရေးသားထုတ်လုပ်ထားခြင်းများကို တင်းကျပ်စွာ တားမြစ်သည်။ မိမိကိုယ်ပိုင် တွေးခေါ်မှုဖြင့် ဖန်တီးထားသော လုပ်ငန်းခွင်ဗျူဟာများကိုသာ အမှတ်ပေးမည်ဖြစ်သည်။ သင်တန်းဆင်းလက်မှတ် ရရှိရန်အတွက် လေ့လာမှုနာရီပြည့်ရမည့်အပြင်၊ Assessment စုစုပေါင်းအမှတ်၏ အနည်းဆုံး ၇၀% (Passing Grade) ရရှိရပါမည်။
ကျောင်းသားများ Google Form တွင် ဖြည့်စွက်ထားသော အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာနှင့် ကိုယ်ရေးအချက်အလက်များအားလုံးကို Academy ၏ စနစ်အတွင်း၌သာ လုံခြုံစွာ သိမ်းဆည်းထားမည်ဖြစ်ပြီး၊ အခြား ပြင်ပအဖွဲ့အစည်းများထံ လုံးဝ ပေါက်ကြားခြင်း၊ ရောင်းချခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ရာနှုန်းပြည့် အာမခံပါသည်။